Header Ads

ကံပွင့်​ လာဘ်​ပွင့်​ ဓာတ်​ဖွင့်​ယတြာ



=======================
ဇာတိချက်​​ကြွေ ပခုက္ကူ​မြေကို​ရောက်​တုန်း ​မွေးရပ်​ရွာ​လေးမှ အမျိုးများရှိရာ မြစ်​​ချေ ၊ ဆွဲကြီးရပ်​ဘက်​ကို အလည်​တစ်​​ခေါက် ထပ်ရောက်ခဲ့ရာ `တတ်သိပညာ မနေသာ´ဆိုသည့်​စကားလို အ​ဟောအ​ပြော​လေးက လုပ်​ရပြန်​သည်​။ ဟိုတစ်​​နေ့က facebookမှညီအကို လိုခင်​မင်​ရတဲ့ ​ဗေဒင်​လက္ခဏာဆရာ ဦး​သော်​ဆိုသူကို ရှာရင်းနဲ့တစ်​​ခေါက်​​ရောက်​ခဲ့​သေးရာ ဒီတစ်​​ခေါက်​နှင့်​ဆိုရင်​ နှစ်​​ကြော့ပြန်​​ရောက်​ခြင်း ဖြစ်​သည်​။အ​ဒေါ်​တော်​သူ ​ဒေါ်​လေးစန်းဝင်းမှ ဆီးကြိုရင်း
``ငါ့တူကို ဖုန်းဆက်​ပြီးထပ်​​ခေါ်ရတာ အ​ကြောင်း ရှိလို့​ဟေ့၊ ဒီကငါ့အမ မင့်​​ဒေါ်ကြီးက​ မ​နေ့ကမှ ​ချောက်​ဘက်​က ပြန်​​ရောက်​လာလို့၊ငါက မင်း​ဗေဒင်​​ဟောတဲ့အ​ကြောင်း ​ပြောပြလိုက်​တာ သူက​မေးချင်​လွန်းလို့ပါဆိုလို့​ဟေ့´´
ပြောပြီး​ဒေါ်ကြီးဖြစ်​သူနဲ့မိတ်​ဆက်​​ပေး​​လေသည်​။ ​အရင်​က မ​တွေ့ဖူး​သော ဒေါ်ကြီးဆိုသူမှလည်း
``ငါ့တူအ​ကြောင်း သိကတည်းက ​တွေ့ချင်​လွန်းလို့ စန်းဝင်းကို​ခေါ်ခိုင်းလိုက်​ရတာ၊​ဒေါ်ကြီးကို ကူညီပါ့အုံးကွယ်​´´
``ကျွန်​​တော်​က ဘာကိုဘယ်​လို ကူညီ​ပေး
ရမှာလဲ​ဒေါ်ကြီးရဲ့ ´´
``အဓိက ​ငွေ​ရေး​ကြေး​ရေးကိစ္စ​ပေါ့၊​ဒေါ်ကြီး
မှာက .......... ............. ..........´´ ဟု ဆိုပြီး
အစချီလိုက်​တာ ငိုချင်းရှည်​ပြဇတ်​တစ်​ပိုဒ်​​​လောက်​ ရေးရင်​​တောင်​ ရနိုင်​တယ်​။ ကိုယ့်​​ရစရာရှိတဲ့ငွေ​တွေက ​တောင်းရခက်​လို့ မရ​သေးတာ​တွေ၊ သူတပါး​ဆပ်​စရာ အ​ကြွေး​တွေဝိုင်း​နေလို့ စိတ်​ပူ​နေတဲ့ ကိစ္စ​တွေ၊ ကြားထဲက အာမခံလိုက်​မိတာ ကိုယ်​ယုံကြည်​ထားတဲ့သူက ပုံမလာလို့ ရုံး​ရောက်​ဂတ်​​ရောက်​မှာ ​ကြောက်​နေရတာ​တွေ၊လုပ်​ငန်းက အဆင်​မ​ပြေပဲ ရပ်​​နေရတာ​တွေ စတဲ့ဒုက္ခသုက္ခ​ရောက်​​နေတဲ့အ​ကြောင်း​တွေ နဲ့ ကြုံ​နေရတဲ့ပြဿနာ​တွေ အဆင်​​ပြေဖို့ရာ လုပ်​ရမယ့်​ယတြာ​​လေးပေးဖို့ အားကိုးတကြီးပြောရှာ​ပါတော့တယ်​။
ဒါနဲ့ ကျွန်​​တော်​လည်း ​​သူ့ရဲ့မွေးခုနှစ်ကို 
သေချာ​တွက်​ချက်​​ဟော​ပြော​ပေးပြ်ီး သနားစရာ သက်​​ရောက်​ပါ ဘုမ္မိကျ​နေတဲ့​ဒေါ်ကြီးကို ​ငွေ​ရေး​ကြေး​ရေးနဲ့ပတ်​သက်​လို့ အခက်​အခဲဖြစ်​​နေသူ​တွေကို​ပေး​နေကျ ဘုရားရှင်​(ဗုဒ္ဓစက်​၊ဓမ္မစက်​)နဲ့ ရဟန္တာမ​ထေရ်​မြတ်​နှစ်​ပါးကို လှူဒါန်းပူ​ဇော်​တဲ့ ​နေစက်​လစက်​လာဘ်​ပွင့်​ယတြာနှင့်​အတူ အခက်​အခဲ​တွေ​ပြေ​ပျောက်​ဖို့ ထိ​ရောက်​တဲ့စ​ရေဓာတ်​​ပေါ်ချိန်​ ဓာတ်​ဖွင့်​ယပ်​သွင်း ယတြာ​လေးကိုပါ လိုတိုရှင်းတွဲ​ပေးလိုက်​ပါတယ်​။

ယတြာမှာ
# သရဏဂုံ​ဆောက်​တည်​၊ ငါးပါးသီလခံယူပြီး ဘုရားရှင်​နဲ့ ရှင်​သီဝလိ၊ ရှင်​ဥပဂုတ္တမ​ထေရ်​မြတ်​ကြီးနှစ်​ပါးကို ရည်​မှန်းပြီး သစ်​သီးဆွမ်း(သက်​သတ်​လွတ်​ဆွမ်း)၊ ​ရေချမ်း၊ ဆီးမီးတိုင်​တို့ကို ပုံမှာပြထားတဲ့အတိုင်း ဘုရား​​ဆောင်​(သို့)စားပွဲခုံ​ပေါ် အဝတ်​ခင်းပြီး လှူဒါန်းပူ​ဇော်​ပါ၊
# အလယ်​မှာ ​​အောင်​အိုးလို့စာ​ရေးထားတဲ့ အောင်​သ​ပြေတစ်​အိုး ​ဝေ​ဝေဆာဆာထိုးပြီး လှူပါ၊
# ဆီမီး ၉ တိုင်​ကိုထပ်​မံပြီး စီထွန်းပူ​ဇော်​ပါ။
# ပြီးလျှင်​ အသုံးမပြုရ​သေးသည့်​ ယပ်​​တောင်​အ
သစ်​တစ်​​ချောင်းဖြင့်​ သက်​​တော်​ထင်​ရှားဘုရား
ရှင်​ကို အာရုံပြု၍ ဘုရားရုပ်​ပွား​တော်​ (သို့)ပုံ​တော်​ကိုအနည်းဆုံး(၁၀/၁၅မီးနစ်​ခန့်​)ယပ်​သွင်းပူ​ဇော်​​ပေးပါ၊ပူ​ဇော်​စဉ်​ ဘုရားဂုဏ်​​တော်​များ၊ ရှင်သီဝလိဂါထာ၊ရှင်​ဥပဂုတ္တဂါထာများနဲ့ အခြားပရိတ်​၊ ပဌာန်း အစရှိတဲ့ မိမိရရာ အာရုံကျရာဂါထာများ ပွားများပူ​ဇော်​​ပေးပါ၊
# ထို​နောက်​မိမိ၏ ကုသိုလ်​​ကောင်းမှုနှင့်​စပ်​လျဉ်း​၍ ကြုံ​တွေ့​နေရ​သော အခက်​အခဲကို ​ပြေလည်​ဖို့ရာ ဆု​တောင်းသမှုပြုပါ၊
# မိမိ​တွေ့ကြုံ​နေရ​သော အခက်​အခဲ​ကြောင့်​ ကိုယ်​စိတ်​ဆင်းရဲ​နေသည်​ကို သစ္စာဆို၍ ဆု​တောင်း ပါ၊
# အခြားမိမိကိုးစားရာ(သူ​တော်​စင်​ပုဂ္ဂိုလ်​များ၊ သမ္မာ​ဒေဝနတ်​​ကောင်းနတ်​မြတ်​များစသည့်​) များရှိလျှင်​လည်း ​မေတ္တာခံယူ၍ မိမိအခက်​အခဲကို တိုင်​တည်​၍ အကူအညီတောင်းပါ၊
# (၃၁)ဘုံကို ​မေတ္တာပို့ပါ၊ အထူအားဖြင့်​ မိမိနှင့်​ပတ်​သတ်​သူကို ထိုသူစိတ်​ချမ်းသာ​နေသည့်မျက်​နှာ(စိတ်​တို၊​ဒေါသထွက်​၊မကြည်​မသာပုံမဟုတ်​ဘဲ)ကို အားရုံယူ၍ ​လေး​လေးစားစား​မေတ္တာ ပိုပို့ပါ၊
# (၃၁)ဘုံကို ယ​နေ့ပြုသမျှ ကုသိုလ်​အမျှ​ပေး​ဝေပါ။
# အ​ရေးအကြီးဆုံးအချက်​တစ်​ခုမှာ ဖော်ပြပါယတြာကို လုပ်​​ဆောင်​ရမည့်​(အထူးသဖြင့်​ ယပ်​သွင်းပူ​ဇော်​​ရမည့်​ ) အချိန်​ဖြစ်​သည်​။ဗေဒင်​ပညာအရ အကျိုး​ပေးမြန်​သည့်​ စ​ရေ ဓာတ်​(ဓာတ်​ကြီး​လေးပါးထဲမှ ​လေဓာတ်​)​ပေါ် ချိန်​အတွင်း (မနက်​ခင်းပိုင်း)မှာ ယတြာကို စတင်​လုပ်​​ဆောင်​ရမှာဖြစ်​ပါတယ်​။
စ​ရေဓာတ်​​ပေါ်ချိန်​​တွေက​တော့ ~
- တနင်္ဂ​နွေ​နေ့မနက်​ ( ၇း၃၀မှ ၉ နာရီ ) အတွင်း၊
- အင်္ဂါ​နေ့ မနက်​ ( ၉ နာရီမှ ၁၀း၃၀ )အတွင်း၊
- ကြာသပ​တေး​နေ့ မနက်​ (၁၀း၃၀မှ ၁၂နာရီ )အ
တွင်း၊
သောကြာ​နေ့ မနက်​ (၆နာရီမှ ၇း၃၀ )အတွင်း အချိန်​​တွေ ဖြစ်​ပါတယ်​၊ မိမိနဲ့အဆင်​သင့်​မယ့်​​နေ့
မှာ စတင်​လုပ်​​ဆောင်​နိုင်​ပါတယ်​၊ ဘယ်​နှစ်​ရက်​​လုပ်​​ဆောင်​ရမလဲဆိုတာက​တော့ (တစ်​​ယောက်​နဲ့တစ်​​ယောက်​ ကံချင်းမတူ​လေ​တော့) တစ်​ချို့ တစ်​ခါနှစ်​ခါသာ လုပ်​ရ​ပေမယ့်​ တစ်​ချို့​လေးငါးကြိမ်​လုပ်​မှ ထူးတာ​တွေ​ရောရှိလို့ လုပ်​နိုင်​​လေ ​ကောင်း​လေပါပဲ၊
ဒီယတြာကိုလုပ်​​ဆောင်​ပြီး မထူးခြာဘူးဆိုတာ မရှိပါဘူး၊​ နောက်​​နောက်​က ဝဋ်​​ကြွေး​ကြောင့်​ ရစရာ​ငွေ​တွေပြန်​မရတော့ဘူးဆိုရင်​​တောင်​မှ ပိုများတဲ့​ဝင်​ငွေအသစ်​​တွေ လိမ့်​ဝင်​လာပါလိမ့်​မယ်​။ လုပ်​​ဆောင်​ဖို့သာအဓိက လိုတာပါ။
(မှတ်​ချက်​~ဤယတြာကို ဉာဏ်​ရှိသလို အသုံးပြု
နိုင်​ပါသည်​၊​ ငွေ​ရေး​ကြေး​ရေး ကိစ္စများတွင်​သာမ
က အခြားအမှုကိစ္စများတွင်​လည်း အသုံးပြုနိုင်​ပါသည်​၊အပူကိစ္စများတွင်​ လုပ်​​ဆောင်​ပါက ဆီးမီး (၉)တိုင်​အစား(၁၁)မီးငြိမ်းရန်​ ဆီမီး(၁၁)တိုင်​​ပြောင်းထွန်း​ပေးပါ)

တင်​နိုင်​လင်း
(သိပ္ပံလက္ခဏာနှင့်​​ဗေဒင်​ပညာ)
Powered by Blogger.